Breaking News >> News >> Democratic Voice of Burma


ဖာပွန်မြို့က စစ်ကောင်စီဝန်ထမ်းအားလုံး ၁၀ ရက်အတွင်းထွက်ခွာရန် KNLA က သတိပေး


Link [2022-01-31 08:32:42]



​ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ ​ထိန်းချုပ်နယ်မြေ ဖာပွန်(မူတြော်) ခရိုင်အတွင်း  စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ မိမိတို့နေရပ်ကို ဖေဖော်ဝါရီ ၁ ရက်နေကစတင်ပြီး ၁၀ ရက်အတွင်း ပြန်လည်ထွက်ခွာဖို့ ဇန်နဝါရီ ၂၉ ရက်မှာ တပ်မဟာ ၅ စစ်ရုံးချုပ်က အသိပေး ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာတွေရပ်တန့်ဖို့ စစ်ကောင်စီလက်အောက်က အရပ်ဘက်ဆိုင်ရာ ဌာနအသီးသီးကဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး  ရေလမ်းခရီးကနေ အတားအဆီးမရှိ ထွက်ခွာပေးဖို့ သတိပေးထားတာပါ။ ဒါ့အပြင် ဖာပွန်မြို့ခံ ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်တာကို ရှောင်ရှားဖို့ သတိပေးအကြောင်းကြားထားသလို လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဖာပွန်မြို့ခံ ဝန်ထမ်းတစ်ဦးက “စာထုတ်ထားတာ တွေ့တယ်။ […]

Most Read

2024-09-23 02:29:20