Breaking News >> News >> Democratic Voice of Burma


လွိုင်ကော်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၆ ဦးနှင့် KNDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး


Link [2022-01-31 08:32:42]



လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ကုန်းဆွတ် ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းတည့်ချိန်ကနေ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၆ ဦးသေဆုံးပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဘက်က တပ်သား ၁ ဦးကျဆုံးသွားတယ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့ မနက် ၁၁ နာရီကျော်ကလည်း လွိုင်ကော်မြို့ ခလရ ၂၅၁ တပ်အနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။ […]

Most Read

2024-09-23 02:34:08