Breaking News >> News >> Democratic Voice of Burma


ရုရှား ပထမဆုံးပစ်လွှတ်ခဲ့သည့် အသံလွန်ဒုံးကျည် Kinzhal Missile က ဘယ်လိုလက်နက်လဲ


Link [2022-03-21 02:32:50]



ယူကရိန်း ရုရှားကျူးကျော်စစ် ၃ ပတ်တာကာလအတွင်း ပထမဆုံးအနေနဲ့ မတ် ၁၈ ရက်နေ့က  Kh-47M2 Kinzhal (အင်္ဂလိပ်လို dagger – ဓါးမြှောင်) လို့ အမည်ပေးထားတဲ့ ဝေဟင်မှ မြေပြင်ပစ် မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုပစ်ခတ်ခဲ့တယ်လို့ ရုရှားဘက်က ကြေညာ လိုက်ပါတယ်။  ယူကရိန်းနိုင်ငံ အနောက်ဘက်ခြမ်း ပိုလန်နယ်စပ်နားက အိုင်ဗန်နို ဖရန်ကစ်ဗ် ဒေသမှာရှိတဲ့ လေတပ်ဒုံးကျည်စနစ် လက်နက်သိုလှောင်ရုံကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဌာနက ကြေညာခဲ့ပေမယ့် ယူကရိန်းဘက်ကတော့  သတင်းထုတ်ပြန်တာ မရှိပါဘူး။  ဒီဒုံးကျည်လက်နက်ကို ၂၀၁၈ ခုနှစ် မတ်လက ရုရှားသမ္မတ ပူတင်ကိုယ်တိုင် တိုင်းပြည်ကို မိတ်ဆက်ကြေညာခဲ့ပြီး အဆင့်မြင့်ဆုံး ဒုံးကျည်လက်နက်နဲ့ ယူကရိန်းစစ်ပွဲမှာ ပစ်မှတ်အစစ်ကို စမ်းသပ်သုံးစွဲတာလို ယူဆကြပါတယ်။ နျူကလီးယားထိပ်ဖူးလည်း တပ်ဆင်နိုင်တဲ့ Kinzhal […]

Most Read

2024-09-21 23:25:15