Breaking News >> News >> Democratic Voice of Burma


မံစီမြို့နယ်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်


Link [2022-03-08 16:33:31]



ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအနီး ဝန်းကျင်မှာ မတ် ၈ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။ “မနက် ၁၀ နာရီလောက်တည်းက တိုက်ပွဲဖြစ်နေတာ။ လက်နက်ကြီးပစ်သံတွေနဲ့ သေနတ်သံတွေ ကြားနေရတာ  အဆက်မပြတ်ပဲ၊ ၁၅ လုံးလောက်ရှိပြီ။ စစ်သားတွေ အများကြီးရောက်လာတယ်” လို့ မိုင်းခေါင်ဒေသခံတဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာကို မံစီမြို့နယ် ဟန်ထက်ကျေးရွာ မနောဟရီစေတီတော်ဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော် တက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နှစ်ဘက်ထိခိုက်မှုကို မသိရသေးဘဲ တိုက်ပွဲဖြစ်ပွားရာအနီး ဒေသခံတွေ မိုင်းခေါင်ရှိ ဘုရားကျောင်းနဲ့ IDP စစ်ရှောင်စခန်းတွေကို […]

Most Read

2024-09-22 07:38:10