Breaking News >> News >> Democratic Voice of Burma


ဖားကန့်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်


Link [2022-05-27 18:23:57]



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ မေလ ၂၇ ရက် ဒီမနက်က မှော်ရှန်အောင်စုကျော်အနီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “အိမ်ထဲကတောင် မထွက်ရဲဘူး။ စကစ စစ်သားတွေ စစ်ကြောင်းထိုးလာတာတွေ့လို့ KIA က လှမ်းပစ်နေတာ” လို့ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ အဆိုပါတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးစာရင်းကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း မမုံစံပြကျေးရွာအနီးမှာ စစ်ရေးလှုပ်ရှားလာတဲ့ စကစစစ်ကြောင်းနဲ့ KIA တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ပါတယ်။

Most Read

2024-09-20 01:11:56