Breaking News >> News >> Democratic Voice of Burma


စွပ်စွဲမှုများပြုလုပ်ရန် အမှုကြားနာပွဲကို ဂမ်ဘီယာက အသုံးချနေဟု ICJ တရားရုံးတွင် စစ်ကောင်စီဝန်ကြီး လျှောက်လဲ


Link [2022-02-26 11:21:20]



ဂမ်ဘီယာနိုင်ငံဟာ  အမှုရဲ့ အဆိုးအကောင်းနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေပြုလုပ်ဖို့  ဒီကြားနာပွဲကို စင်မြင့် ပလက်ဖောင်းသဖွယ် အသုံးချနေတယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ  စစ်ကောင်စီကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင်က လျှောက်လဲပြောကြားလိုက်ပါတယ်။  ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်ဆိုပြီး  ဂမ်ဘီယာနိုင်ငံက  မြန်မာနိုင်ငံအပေါ် တစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်လို့  နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်ကဆက်လက်ကြားနာရာမှာ  မြန်မာဘက်က ဒုတိယ အကျော့လျှောက်လဲချက်ပေးခဲ့ပါတယ်။ ဒီကနေ့ ကြားနားပွဲမှာ စစ်ကောင်စီငှားထားတဲ့ နိုင်ငံတကာရှေ့နေ ခရစ္စတိုဖာစတေကာ ဦးဆောင်တဲ့ အဖွဲ့က  လျှောက်လဲချက်ပေးခဲ့ စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်က အပိတ်မှာ လျှောက်လဲ သွားတာဖြစ်ပါတယ်။ မြန်မာရဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီမှာထိုင်ပြီး ဘာမှာမတုံ့ပြန်ပဲ အသံတိတ်မနေနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို […]

Most Read

2024-09-22 09:27:46