Breaking News >> News >> Democratic Voice of Burma


ယူဂန်ဒါနိုင်ငံက ကွန်ဂိုအတွက် လျော်ကြေး ကန်ဒေါ်လာ ၃၂၅ သန်း ပေးရန် ICJ အမိန့်ချ


Link [2022-02-10 06:32:35]



ယူဂန်ဒါနိုင်ငံအနေနဲ့ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအား လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၂၅ သန်းပေးဆောင်ဖို့  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၈ နဲ့ ၂၀၀၃ ခုနှစ် စစ်ပွဲကာလအတွင်း ယူဂန်ဒါတပ်တွေက လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့ဖို့ သံယံဇာတရင်းမြစ်ပေါကြွယ်တဲ့ ကွန်ဂိုနိုင်ငံအစ်တူရီပြည်နယ်ကို နိုင်ငံတကာဥပဒေ ချိုးဖောက်ပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အတွက် နစ်နာမှုလျော်ကြေးပေးဖို့ ICJ  က ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်တာပါ။  ကွန်ဂိုက ကုလသမဂ္ဂတရားရုံးမှာ ၁၉၉၉ ကတည်းက အမှုဖွင့်ထားပြီး လျော်ကြေး ဒေါ်လာ ၁၁ ဘီလီယံ တောင်းခံထားတာပါ။  ဗုဒ္ဓဟူးနေ့က ကြားနာမှုမှာ ယူဂန်ဒါက ကွန်ဂိုတောင်းခံတဲ့ ငွေကြေးပမာဏဟာ ယူဂန်ဒါရဲ့  စီးပွားရေးပြိုလဲနိုင်တယ်လို့ ပြောပါတယ်။  ယခုချမှတ်တဲ့ လျော်ကြေး ဒေါ်လာ ၃၂၅ သန်းဟာ ယူဂန်ဒါဘက်က တတ်နိုင်တဲ့ ပမာဏာ ဖြစ်တယ်လို့ […]

Most Read

2024-09-22 18:29:04