Breaking News >> News >> Democratic Voice of Burma


EU နှင့် G-7 ရုရှားအပေါ် စတုတ္ထမြောက် ပိတ်ဆို့မှု ချမှတ်မည်


Link [2022-03-12 15:42:23]



ဥရောပသမဂ္ဂက အမေရိကန်ပြည်ထောင်စု၊ G-7 မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး ရုရှားအပေါ်  စတုတ္ထမြောက် အရေးယူပိတ်ဆို့မှု ချမှတ်သွားမယ်လို့ မတ် ၁၁ ရက်နေ့က ကြေညာလိုက်ပါတယ်။  ဥရောပကော်မရှင်ဥက္ကဌ အာဆလာ ဗွန်ဒါ လေးယန်းက “အခုနောက်ထပ် ဒဏ်ခတ်အရေးယူမှုက ရုရှားကို ကမ္ဘာ့စီးပွားရေးကနေ လုံးဝ အထီးကျန်စေမှာဖြစ်ပြီး ယူကရိန်းကို ကျူးကျော်မှုအတွက် ပူတင်အနေနဲ့ ပေးဆပ်ရမှုများပါလိမ့်မယ်” လို့ ပြောပါတယ်။  ဥရောပသမဂ္ဂ (EU) ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံ ဗားဆေးလ်မြို့မှာ နှစ်ရက် ကျင်းပခဲ့တာပါ။  ပြင်သစ်သမ္မတ မာခရွန်က “ကျနော်တို့မှာ အခြားအရေးယူဒဏ်ခံမှုတွေလုပ်ဖို့လည်း အသင့်ရှိ နေပါတယ်။ ဥရောပခေါင်းဆောင်တွေရဲ့ စားပွဲပေါ်မှာ ရွေးချယ်စရာတွေ အများကြီးပါ” လို့ ပြောပါတယ်။  “ရုရှားကို နည်းလမ်းပေါင်းစုံနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ထားသလို၊ ရုရှားရဲ့ ကောင်တာဆန်ရှင်တွေလည်း ဥရောပအနေနဲ့ […]

Most Read

2024-09-21 08:45:11