Breaking News >> News >> Democratic Voice of Burma


ဖမ်းဆီးခံ EPC လျှပ်စစ်ဝန်ထမ်း မိသားစုများ မစိုးရိမ်ရန် KNDF ထုတ်ပြန်


Link [2022-04-26 16:34:03]



ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားတာကြောင့် EPC လျှပ်စစ်ဝန်ထမ်း မိသားစုနဲ့ ဆွေမျိုးတွေ စိတ်မပူကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၂၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမနားမှာ စစ်ကောင်စီတပ်မှူး နှစ်ယောက်နဲ့ လျှပ်စစ်ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကိုပြင်ဆင်ဖို့အတွက် အကြမ်းဖက်စစ် ကောင်စီတပ်က တပ်မှူး ၂ ယောက် အပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက် စီးနင်းလိုက်ပါတဲ့ မော်တော်ယာဥ်တစီး၊ ဆိုင်ကယ်တစီးနဲ့ လျှပ်စစ်နဲ့ ဆက်စပ်တဲ့ သက်သေခံပစ္စည်းတွေကို KNDF က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ လျှပ်စစ်ဌာနက အကျဥ်းသားတွေကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) ဆီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ […]

Most Read

2024-09-20 12:45:15