Breaking News >> News >> Democratic Voice of Burma


အောင်ပန်း EPC ရုံး ဗုံးကွဲ


Link [2022-03-12 20:54:16]



ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့က EPC လျှပ်စစ် ရုံးမှာ မတ် ၁၂ ရက် နေ့လယ် ၃ နာရီ ၄၀ လောက်က  ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်ပြီးနောက် သေနတ်ပစ်ဖောက်သံတွေ ဆက်တိုက်ကြား ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှု အခြေအနေနဲ့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။ အောင်ပန်းလျှပ်စစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံရတာ အခု တစ်ကြိမ်နဲ့ ဆို ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ မနေ့ကတော့  အဲဒီရုံးက ဝန်ထမ်းတချို့ လျှပ်စစ်မီတာခ မပေးဆောင်တဲ့ အိမ်တွေကို မီး လိုက်ဖြတ်ခဲ့ပါတယ်။

Most Read

2024-09-22 04:48:39