Breaking News >> News >> Democratic Voice of Burma


ဗိုလ်ရှုခံပွဲပြုလုပ်မည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတက်ရန် EAOs များကို စစ်ကောင်စီဖိတ်


Link [2022-02-07 10:53:20]



ဗိုလ်ရှုခံပွဲပြုလုပ်မယ့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားမှာ ပါဝင်တက်ရောက်ကြဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့   EAOs တွေကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ  ၆ ရက်မှာ ဖိတ်ကြားလိုက်ပါတယ်။ စိန်ရတု ပြည်ထောင်စုနေ့နဲ့ ကြုံကြိုက်တဲ့ အခါသမယမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးတို့ဟာ စည်ကားသိုက်မြိုက်စွာ ကျင်းပမယ့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီတက်ရောက်ကြဖို့နဲ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမယ့် ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြဖို့ အထူးဖိတ်ကြားတယ်လို့ ဖိတ်ကြားချက်မှာဖော်ပြပါတယ်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်တယ်လို့ဆိုပါတယ်။ ဆွေးနွေးရာမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ပတ်သက်လို့ […]

Most Read

2024-09-22 20:38:45