Breaking News >> News >> Democratic Voice of Burma


အကြမ်းဖက်စစ်ခေါင်းဆောင်များကို အရေးယူနိုင်ရေး ကြိုးပမ်းနေဟု CRYH ကိုယ်စားလှယ်များပြော


Link [2022-02-12 23:32:53]



အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ CRYH ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ  ၁၂ ရက် ဒီနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ နှစ်ပတ်လည်အခမ်းအနားအစီအစဉ်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ CRYH ကိုယ်စားလှယ် ဦးတင့်လွင်က “ပြည်သူများမျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးမှာဆိုရင် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများဟာ ဒေသဆိုင်ရာလွှတ်တော်တွေရဲ့ စောင့်ကြည့်ထိန်းညှိမှုအောက်မှာ မိမိတို့ဒေသအတွက် မိမိတို့ဘဏ္ဍာငွေများကို ရှာဖွေပြီးတော့ မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲ သုံးစွဲကြရမှာဖြစ်ပြီး ဒေသတွင်းက ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသအလိုက် စီမံကိန်းများ ချမှတ်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  ဥပဒေမဲ့ ဖိနှိပ်ရက်စက်မှုများကို မှတ်တမ်းတင်ဖို့ရယ်၊ နောင်မှာ ကျူးလွန်သူများကို ဥပဒေအတိုင်း ထုတ်ဖော်နိုင်ဖို့အပြင် ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရရှိရေးကို အစဉ်တစိုက် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အဖြစ် ရည်မှန်းချက်ထားဆောင်ရွက်ဖို့လည်းတိုက်တွန်းလိုပါတယ်” လို့ […]

Most Read

2024-09-22 18:34:04