Breaking News >> News >> Democratic Voice of Burma


ဟိုပင်မြို့တိုက်ပွဲတွင် CDM မီးရထားဒုရုံပိုင် PDF ရဲ​ဘော်အပါအဝင် ၅ ဦးကျဆုံး


Link [2022-03-21 14:53:57]



ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ မတ်လ ၁၉ ရက်မနေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အထိအခိုက်အကျအဆုံးရှိခဲ့ပါတယ်။ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ကျဆုံးသူရဲဘော် ၅ ဦးရှိခဲ့ပြီး ဒီအထဲမှာ မြန်မာ့မီးရထားမှ ဒုရုံပိုင် ကိုသီဟကိုကိုလည်း ပါဝင်ခဲ့တယ်လို့ CDM မီးရထားဝန်ထမ်းများအသိုင်းအဝိုင်းက အတည်ပြုပြောပါတယ်။ ကိုသီဟကိုကိုဟာ မြန်မာ့မီးရထား ကချင်ပြည်နယ်ရှိ မော်ဟန်နဲ့ မိုးညှင်းဘူတာအကြားရှိ ကာဒူဘူတာရဲ့ ဒုရုံပိုင်အဖြစ်တာဝန်ထမ်းခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း CDM ပြုလုပ်ကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့သို့ ဝင်ရောက်ကာ တာဝန်ထမ်းခဲ့သူတဦးလည်းဖြစ်ပါတယ်။  တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးမှုအရေအတွက် အတိအကျမသိရသေးပါဘူး။ ဒါ့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာ ၂၁ မိုင် စစ်ဆေးရေး စုပေါင်းဂိတ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  ကေအိုင်အေ PDF ပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Most Read

2024-09-21 23:09:08