Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီ အင်အားနည်းလာ၊ CDM တပ်မတော်သား ၁ သောင်းနီးပါးရှိပြီဟု NUG ပြော


Link [2022-04-18 12:52:54]



အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိ လာတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးကို တင်သွင်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း တနှစ်ပြည့် အစီရင်ခံစာမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစိုးရအနေနဲ့ အရင်ကထက် ပိုမိုအားစိုက်ပြီး ကြုံလာမယ့် အခွင့်အလမ်းကောင်းတွေကို အမိအရဆုပ်ကိုင်ကာ အခက်အခဲတွေကို ပြည်သူနဲ့အတူ ကျော်လွှားသွားကြဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။  အမျိုးသားညီညွတ်ရေးအစိုးရကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်က စတင်ဖွဲ့စည်းခဲ့တာမို့ အခုနှစ်မှာတော့ အစိုးရသက်တမ်း ၁ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ “ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) […]

Most Read

2024-09-20 21:41:07