Breaking News >> News >> Democratic Voice of Burma


လက်နက်ခဲယမ်း အပြည့်စုံဖြင့် CDM ဝင်လာသည့် ရဲတပ်သား ၁ ဦးကို ကျပ်သိန်း ၁၀၀ ဂုဏ်ပြု ချီးမြှင့်


Link [2022-06-04 22:52:01]



မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ကျက်ထိုးရဲကင်းစခန်းက ရဲတပ်သားတယောက် ဇွန် ၃ ရက်မှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး စစ်တပ်ကို အာဏာဖီဆန် CDM ပြုလုပ်တာကြောင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် သိန်း ၁၀၀ ပေးအပ်ခဲ့တယ်လို့ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က နေသိရပါတယ်။ ကမ္မမြို့ ကျက်ထိုးရင်းကင်းစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ကိုယ်ပိုင်အမှတ် လ-၂၇၇၃၁၇ ရဲတပ်သားဖြိုးမင်းအောင်ဟာ MVRFသို့ လက်နက်ခဲယမ်းအပြည်အစုံနဲ့  CDM ပြုလုပ်ခဲ့တယ်လို့ MVRF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရဲတပ်သားဖြိုးမင်းအောင်ဟာ သူနဲ့အတူ G3သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၁၀၉ တောင့်နဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတာဖြစ်လို့ MVRF က ငွေကျပ် သိန်း ၁၀၀ ဂုဏ်ပြုဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို […]

Most Read

2024-09-19 04:07:49