Breaking News >> News >> Democratic Voice of Burma


ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂကို CDM ဆရာ၊ ဆရာမများဖြင့် ပြန်လည်ဖွဲ့စည်းမည်


Link [2022-04-22 05:52:43]



ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂကို CDM ဆရာဆရာမတွေနဲ့ သွေးသစ်လောင်းပြီး ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကြေညာပါတယ်။ ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂ (Teachers’ Association – Dagon University) ကို  ၂၀၁၂ ခုနှစ်က စတင်ကာ ဒဂုံတက္ကသိုလ်မှာ  ဖွဲ့စည်းကာ အစဥ်အဆက်ရပ်တည်ခဲ့တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်။ ဆရာများသမဂ္ဂဥက္ကဋ္ဌဟာလည်း ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဆရာများသမဂ္ဂအမှုဆောင်တွေလည်း ရှောင်တိမ်းနေခဲ့ရတဲ့အပြင် ဆရာများသမဂ္ဂအမှုဆောင်တချို့ကတော့ တော်လှန်ရေး သစ္စာဖောက်ဖျက်ခဲ့လို့  ထုတ်ပယ်ခဲ့ရတယ်လို့  ဆိုပါတယ်။ ပြန်လည်ဖွဲ့စည်းမယ့် ဆရာများသမဂ္ဂမှာတော့ CDM ဆရာ၊ ဆရာမတွေ၊ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့  ပြန်လည်ဖွဲ့စည်းသွားမှာမို့ ဒဂုံတက္ကသိုလ် CDM ဆရာ၊ ဆရာမတွေအနေနဲ့ ဆက်သွယ်ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ မတရားစစ်အာဏာသိမ်းယူမှုကို […]

Most Read

2024-09-20 17:33:28