Breaking News >> News >> Democratic Voice of Burma


ရေစကြို မြေတော်ရဲစခန်းက ရဲတပ်သား CDM လုပ်


Link [2022-03-18 10:32:55]



ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့အတူ CDM လုပ်လာတာ ကြောင့် ဆုကြေးငွေနဲ့အတူ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့က မတ် ၁၈ ရက် မနက်က ထုတ်ပြန်ပါတယ်။ ရဲတပ်သား အာကာစိန်ဟာ လက်နက်နဲ့အတူ မတ် ၈ ရက်က ပြည်သူ့ရင်ခွင်ခိုလှုံလာတာကြောင့် ဆုကြေးငွေ သိန်း ၃၀ နဲ့အတူ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်တယ်လို့ ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ​ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေထဲက CDM ပါဝင်လိုပါက ပြည်သူ့ရင်ခွင်က  နွေးထွေးစွာ ကြိုသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ CDM ပူးပေါင်းပါဝင်လာတဲ့ ရဲတပ်သားကို လွတ်မြောက်နယ်မြေရောက်သည်အထိ ပို့ဆောင်နေရတာကြောင့် သတင်းထုတ်ပြန်မှုကြန့်ကြာရတာလို့ သိရပါတယ်။

Most Read

2024-09-22 00:34:56