Breaking News >> News >> Democratic Voice of Burma


ကသာနှင့် စစ်ကိုင်းတွင် CDM ယာဉ်ထိန်းရဲအပါအဝင် ပြည်သူအချို့၏နေအိမ်များ ချိပ်ပိတ်ခံရ


Link [2022-01-30 09:12:31]



စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က  PDF၊ CRPH တို့နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လိုက်လံချိပ်ပိတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ချိပ်ပိတ်ခံရသူတွေဟာ  PDF၊ CRPH တို့နဲ့ ဆက်နွှယ်မှုမရှိသလို စစ်တပ်အငြိမ်းစားမိသားစုနဲ့ ဆက်နွှယ်နေသူတွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နေအိမ်ချိပ်ပိတ်ခံရတဲ့ စစ်တပ်အငြိမ်းစားမိသားစုဝင်တစ်ယောက်က  “ပထမတော့ အိမ်ကို စစ်ရဲအင်အား ၂၀ လောက်ဝိုင်းထားပြီး မွှေနေတယ်ပြောကြတော့၊ မွှေပြီး ပြန်သွားမယ်ပဲ ထင်တာပေါ့။ နောက်တော့ အိမ်ကိုပါ ချိတ်ပိတ်သွားတယ်ဆိုတာကို သိလိုက်ရတော့ ကျနော်လည်း အံ့အားသင့်သွားတာ။ ကျနော်က ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ထားဘူး။ ကျနော် လက်နက်ကိုင် တိုက်ပွဲဝင်နေတာလည်း မဟုတ်ဘူး။ နိုင်ငံ့အရေးမှာ တက်ကြွလှုပ်ရှားမိရုံပါပဲ။ နိုင်ငံရေးတက်ကြွလှုပ်ရှားတယ်ဆိုပေမဲ့လည်း လမ်းပေါ်ထွက်ဆန္ဒပြတာမျိုး မဟုတ်ပါဘူး” လို့  ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ […]

Most Read

2024-09-23 04:24:50