Breaking News >> News >> Democratic Voice of Burma


ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် နိုင်ကျဉ်းလွတ်မြောက်ရေး Blue Shirt ကမ်ပိန်း ပြုလုပ်


Link [2022-04-21 10:54:36]



နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးရည်ရွယ်တဲ့  Blue Shirt ရှပ်အင်္ကျီအပြာရောင် ဝတ်ဆင် လှုပ်ရှားမှုကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေအပါအဝင် နိုင်ငံတဝန်းလုံးက လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေနဲ့အတူ နိုင်ငံတကာ သံရုံးတွေကပါ တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီက  ဖမ်းဆီး၊ သတ်ဖြတ် နှိမ်နင်းမှုတွေ နေ့စဉ် တိုးပွားလာနေပြီး လူပေါင်း ၁၃,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ၉,၉၀၀ ကျော်ကတော့ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။ Blue Shirt  ကမ်ပိန်းလှုပ်ရှားမှုကိုတော့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့ ဧပြီ ၂၁ ရက်ရောက်တိုင်း ပြုလုပ်နေတာ အခုနှစ်ဆိုရင်  ၈ နှစ်မြောက်ရှိသွားပြီလည်း ဖြစ်ပါတယ်။ သတင်းစာဆရာ၊ […]

Most Read

2024-09-20 19:48:34