သီရိလင်္ကာနိုင်ငံမှာ မတ်လ ၃၀ ရက် ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ရဲ့ ၅ ကြိမ်မြောက် ထိပ်သီးညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို ဖိတ်ကြားခြင်းမပြုဖို့ India for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဖက်ဆစ်စစ်တပ်နဲ့ ဆက်စပ်ပက်သက်မှုတွေအားလုံးကို ရပ်တန်းက ရပ်ဖို့၊ မြန်မာပြည်ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ တောင်းဆိုချက်ကို အလေးထားဖို့၊ BIMSTEC အဖွဲ့ခေါင်းဆောင်တွေဟာ ထိပ်သီးညီလာခံမှာ မြန်မာပြည်အရေးအား လူသားဂုဏ်သိက္ခာနဲ့ လူသားမျိုးနွယ်တို့ရဲ့ အရေး ရှေးရူကာ ဆွေးနွေးကြဖို့ တောင်းဆိုပါတယ်။ ဒါကြောင့် BIMSTEC ဟာ ဖက်ဆစ်စစ်တပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်မှု ရပ်တန့်မှုမရှိပါက India For Myanmar ကနည်းမျိုးစုံနဲ့ ဆက်လက်ကန့်ကွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ […]