Breaking News >> News >> Democratic Voice of Burma


BGF ပစ်ခတ်မှုကြောင့် ဖာပွန်ခရိုင်၌ ၃ လအရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ


Link [2022-01-31 08:32:42]



ကေအန်ယူထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင် ထီးသဘလူထားကျေးရွာအုပ်စုရှိ ထီးလော်သီထကျေးရွာထဲကို စစ်ကောင်စီလက်အောက်ခံ BGF 1013 တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၃ လအရွယ် သမီးငယ်လေးတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးသွားပြီး ရွာသား ၅ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်  ညနေ ၆ နာရီက ဖာပွန်(မူတြော်ခရိုင်) တောင်သုံးလုံးအခြေစိုက်တပ်စခန်းကနေ ကရင်နယ်ခြားစောင့်တပ် BGF 1013 က ကျေးရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာလို့ မူတြော်သတင်းက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူမှာ အသက် ၃ လအရွယ် သမီးငယ်တယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်တို့ဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးအပါအဝင် ၅ ယောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ […]

Most Read

2024-09-23 02:23:43