Breaking News >> News >> Democratic Voice of Burma


မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ARSA တိုက်ပွဲပြင်းထန်


Link [2022-02-04 20:34:30]



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့  ARSA အဖွဲ့တို့ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မနက်ကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ နယ်ခြားစောင့်တပ်တာဝန်ရှိသူက ပြောပါတယ်။ နယ်ခြားစောင့်ရဲအရာရှိ တယောက်က “ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ နယ်ခြားမှတ်တိုင် ၄၃ နဲ့ ၄၄ အနီးမှာ ARSA အဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆)နဲ့ ထိတွေ့ပြီးနာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့ကြတယ်။ အခုတဖန် ခမောင်းဆိတ်မြို့နယ် ငါးရံ့ချောင်းကျေးရွာအနီးမှာ နေ့လယ်ပိုင်း  ၂ နာရီကျော်လောက်မှာ နောက်တစ်ကြိမ်တိုက်ပွဲဖြစ်ကြတာရှိတယ်။”လို့ ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာ မိုင်တိုင် ၄၃ နဲ့ ၄၄ မှာတိုက်ပွဲဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ခမောင်းဆိတ်အနားက ငါးရံ့ချောင်းကျေးရွာဟောင်းဘက်မှာတိုက်ပွဲဖြစ်ကြတာလို့ ခမောင်ဆိတ်ဒေသခံတယောက်က ပြောပါတယ်။ တိုက်ပွဲ နှစ်ကြိမ်လုံးမှာ မောင်တောမြို့နယ် အ​င်းဒင်အခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆)တပ်ဖွဲ့ဝင်တွေနဲ့ […]

Most Read

2024-09-22 22:34:28