Breaking News >> News >> Democratic Voice of Burma


နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီက သေဒဏ်ချမှတ်မည့်အစီအစဉ် ရပ်တန့်ရေး ဂျပန်တွင် ဆန္ဒပြ


Link [2022-06-18 13:36:27]



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်မယ့် အစီအစဉ်ကို ချက်ချင်းရပ်တန့်စေရေးတောင်းဆိုဆန္ဒပြပွဲကို ဇွန် ၁၇ ရက်က ဂျပန်လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားနေသူတွေနဲ့ပူးပေါင်းပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပါတယ်။ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးမယ့်အပေါ် မနေ့က ဂျပန်နိုင်ငံခြားရေးရုံးကတာဝန်ရှိသူတွေခေါ်ပြီး ဂျပန်လွှတ်တော်အမတ်တွေရှေ့မှာ ကြားနာပွဲကျင်းပခဲ့သလို ဂျပန်နိုင်ငံခြားရေးရုံးရှေ့မှာ လာရောက်ဆန္ဒပြတာလို့  မြန်မာ့အရေး လှုပ်ရှာသူ ဦးမြင့်ဆွေက ပြောပါတယ်။ သေဒဏ်ကိစ္စ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ကန့်ကွက်ကြောင်း တရားဝင်ထုတ်ဖော်ချပြသင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှတာဝန်ခံ မစ္စတာ ယူဝဆခိကို ထောက်ပြပြောဆိုတာခဲ့ပေမဲ့  ပွင့်လင်းစွာ အာမခံပြန်မဖြေနိုင်တာကို အတော်စိတ်ပျက်မိတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ စစ်လက်နက်ကုန်သွယ်ရေး ဆန့်ကျင်သောကွန်ယက်(NAJAT)မှ မစ္စတာဆူခီဂဝခိုဂျီက  ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ […]

Most Read

2024-09-08 04:03:04