Breaking News >> News >> Democratic Voice of Burma


မြန်မာ့အရေး ဆန်းသစ်သည့်နည်းလမ်းဖြင့် အဖြေရှာကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


Link [2022-06-17 22:44:41]



စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်း ပြောကြားလိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ တခြားမိတ်ဘက်နိုင်ငံတွေကပါ အရေးတကြီး ဝိုင်းဝန်းအဖြေရှာကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ဖူဒင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေကြဖို့လိုကြောင်း မလေးရှားက ထပ်မံအသိပေး တိုက်တွန်းပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ […]

Most Read

2024-09-19 04:07:22