Breaking News >> News >> Democratic Voice of Burma


လူကုန်ကူးသူကို သေဒဏ်ချမှတ်နိုင်သည့် ဥပဒေသစ်တရပ် စစ်ကောင်စီပြဋ္ဌာန်း


Link [2022-06-17 22:44:41]



လူကုန်ကူးသူတွေကို အမြင့်ဆုံး သေဒဏ်အထိ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပဒေ သစ်တရပ်ကို  အာဏာသိမ်း စစ်ကောင်စီက ဇွန် ၁၆ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေရဲ့ အခန်း(၁၀)မှာ ဖော်ပြချက်အရ ပြစ်မှုပြစ်ဒဏ်နဲ့စပ်လျဉ်းပြီး ဘယ်သူမဆို အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။ တကယ်လို့ လူကုန်ကူးခံရသူကို သေဆုံးစေခြင်း သို့မဟုတ် သူတပါးရဲ့ အကူအညီကို အမြဲတမ်းရယူရတဲ့ မသန်စွမ်းခြင်းဖြစ်စေတဲ့အထိ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထိုသူကို သေဒဏ်ချမှတ် ရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူကုန်ကူးခံရမှု အရေးနဲ့ ပတ်သတ်လို့ ဆောင်ရွက်ရာမှာ ဥပဒေကြောင်း […]

Most Read

2024-09-19 04:14:25