Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့ ကြံ့ခိုင်ရေးပါတီရုံးအဝင်ဝတွင် ဗုံးပေါက်ကွဲ


Link [2022-06-12 12:52:17]



မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရက်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံးပေါက်ဝမှာ ဇွန်လ ၁၁ ရက် မနေ့ည  ၁၀ နာရီကျော်လောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်တဲ့အချိန်ဟာ ညဘက်ဖြစ်လို့  လမ်းမကြီးနဲ့အနီးနားမှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တာမရှိပေမဲ့  ကြံ့ခိုင်ရေးပါတီရုံးက ပန်းပင်တွေနဲ့ တခြားပစ္စည်းဆုံးရှူံးမှုကတော့ ကျပ် တသိန်းဖိုးလောက်ရှိမယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဆိုပါဗုံးပေါက်ကွဲမှုကို မြဝတီမြို့အခြေစိုက် အမှတ် ၂၇၅ တပ်ရင်းက လာရောက်စစ်ဆေးရေးခဲ့ပြီး မပေါက်ကွဲဘဲကျန်ရှိတဲ့ ဗုံးတစ်လုံးကို သက်မဲ့ပြုလုပ်ပြီး အန္တရာယ်ကင်းစွာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြဝတီမြို့ခံတွေထံက သိရပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဗုံးဖေါက်ခွဲသူကို  ဖမ်းဆီးအရေးယူနိုင်ဖို့ မြဝတီမြို့ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

Most Read

2024-09-19 03:22:32