Breaking News >> News >> Democratic Voice of Burma


ကန်ပက်လက်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံး


Link [2022-06-12 12:52:17]



ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၁ ရက်က CDF-ကန်ပက်လက် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တနေကုန်နီးပါး တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက်လောက်သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်ကနေ သိရပါတယ်။ မနေ့ မနက် ၇ နာရီလောက်မှာ CDF-ကန်ပက်လက် တပ်ရင်း(၂)Vakok တပ်ရင်းမှာ ဝင်ရောက်နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဆီကို ချည်းကပ်ပြီး အပြင်ထွက်လာတဲ့  စစ်သား ၃ ယောက်ကို ပစ်သတ်နိုင်ခဲ့တယ်လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ပြောပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ စခန်းအပြင်ကို ထွက်မလာရဲတော့ဘဲ ကတုတ်ကျင်းတွေမှာ အကုန်ဝင်ပုန်းနေလို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး  စစ်ကောင်စီတပ်တွေ အပြင်ထွက်မလာနိုင်အောင်ပိတ်ဆို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်ရင်း(၂)မှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေကို မြို့ထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား […]

Most Read

2024-09-19 04:16:32