Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီ မတရား သေဒဏ်စီရင်ခဲ့ရင် ……


Link [2022-06-11 19:59:43]



ဗမာတွေ လက်နက်ကိုင် တော်လှန်ရေးနဲ့ ဝေးကွာသွားတာ ကြာပါပြီ။ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် တရုတ်-မြန်မာနယ်စပ်ဘက် ပြောင်းရွေ့အခြေစိုက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကတည်းက လက်နက်ကိုင်လမ်းစဉ်နဲ့ ကင်းဝေးသွားတယ်လို့ ပြောရမှာပါပဲ။ ဗိုလ်နေဝင်းရဲ့ မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့  ၁၉၈၈ တော်လှန်ရေးကာလမှာ ဗမာကျောင်းသားလူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရှိရာ သွားရောက်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ပြည်တွင်းကို အင်အားအလုံးအရင်းနဲ့ ပြန်ဝင် တိုက်ခိုက်နိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။ အခုခေတ်လို ဆက်သွယ်ရေးမပွင့်လန်းချိန်မှာ အာဏာရှင်စစ်တပ်ရဲ့ တဖက်သတ် မမှန်သတင်းဖြန့်မှုတွေကလည်း တောခို ဗမာကျောင်းသားလူငယ်တွေရဲ့ လက်နက်ကိုင်လမ်းစဉ် မအောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲက အချက်တရပ်ဖြစ်ခဲ့မှာပါပဲ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ ဗမာလူငယ်တွေဟာ အုပ်စုဖွဲ့ လက်နက်ကိုင်ဆောင်ခြင်းနဲ့ လုံးလုံးကင်းကွာ သွားရပါတယ်။ တခြားတိုင်းရင်းသားတချို့က ဗမာလူမျိုးကြီးဝါဒ ဖြိုဖျက်ကြဖို့ ဆော်ဩနေချိန်မှာ ဗမာနိုင်ငံရေးသမားနဲ့ ကျောင်းသားလူငယ်တွေဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ […]

Most Read

2024-09-19 04:16:02