Breaking News >> News >> Democratic Voice of Burma


ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်ချမှတ်မှု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကန့်ကွက်


Link [2022-06-11 19:59:43]



ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းသား ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်း  ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။ ဆွီဒင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ဇွန်လ ၁၀ ရက်က  ထုတ်ပြန်ခဲ့တာပါ။  မြန်မာစစ်တပ်က အကျဉ်းသား လေးယောက်ကို  သေဒဏ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း ကြားသိရတဲ့အတွက် များစွာပူပင်ကြောင့်ကြမိတယ်လို့ ဆိုပါတယ်။ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေဒဏ်ပေးတာကို ဆွီဒင်နိုင်ငံအနေနဲ့ ခြွင်းချက်မရှိ ဆန့်ကျင်တဲ့အတွက် သေဒဏ် ချမှတ်ခံထားရသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက  တောင်းဆိုထားပါတယ်။  ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒါဟာ ဇွန်လ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) […]

Most Read

2024-09-19 04:12:46