Breaking News >> News >> Democratic Voice of Burma


ဗန်းမော်မြို့ရှိ အန်အယ်လ်ဒီလွှတ်တော်အမတ် နေအိမ် ချိပ်ပိတ်ခံရ


Link [2022-06-11 17:58:18]



ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်နဲ့ ပတ်သက်တဲ့နေအိမ်တွေကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လမ်းပိတ်ဆို့ပြီး  ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တဲ့ ဗန်းမော်မြို့နယ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့် နေထိုင်သွားခဲ့ဖူးတဲ့  အလယ်ရပ် အမှတ် ၂ စျေးလမ်း အိမ်ကို ၀င်ရောက်စစ်ဆေးပြီး စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။   အလားတူ ကုက္ကိုတောစျေးအနီးမှာရှိတဲ့ လွှတ်တော်အမတ် ဦးအောင်သိန်းရဲ့ ယောက္ခထီး အိမ်ကိုလည်း စစ်ကောင်စီနဲ့ရဲတွေက ချိပ်ပိတ်သွားတာဖြစ်ပြီး လမ်းတွေကို ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံတွေ သွားရေးလာရေးအခက်တွေ့ခဲ့တယ်လို့ ဗန်းမော်ဒေသခံတယောက်က ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်ရဲ့ မိသားစုဝင် တချို့ ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရပြီး ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့  မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက […]

Most Read

2024-09-19 04:12:57