Breaking News >> News >> Democratic Voice of Burma


ကျောက်ကြီးမြို့နယ်အတွင်း ကရင်ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်


Link [2022-06-11 17:58:18]



ကေအန်ယူ တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ကျေးရွာအုပ်စု၊ ငဗြက်အင်းကျေးရွာအနီးကို ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်က စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက်  ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။ ကျောက်ကြီးမြို့၊ ဆိပ်ကြီးမှာအခြေချထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်း ဦးဆောင်ပြီး ငဗြက်အင်းကျေးရွာအနီးကို ၆၀ မမ လက်နက်ကြီးကျည် ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် လုပ်ငန်းခွင်သွားဖို့နဲ့ ခရီးသွားလာရေးမှာ  ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိန့်လန့်နေကြတာဖြစ်ပါတယ်။ ဇွန် ၁ ရက်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တာဝန်ရှိသူတွေက ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းက ပြည်သူလူထုတွေနဲ့တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ […]

Most Read

2024-09-19 04:26:41