Breaking News >> News >> Democratic Voice of Burma


သေဒဏ်ပေးရန် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ၌ မေးခဲ့သည့် သတင်းထောက်၏ နေအိမ် ဗုံးကွဲ


Link [2022-06-11 17:58:18]



ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဇွန် ၁၁ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွေမှာ တက်ရောက်သတင်းယူလေ့ရှိတဲ့  သတင်းထောက်တယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို  အမှန်တကယ်သေဒဏ်ပေးဖို့ ပြောခဲ့တဲ့ ရဲလင်းထွန်းရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒေသခံတယောက်က “မနက် ၃ နာရီလောက်က  ရဲလင်းထွန်းအိမ်မှာ ဗုံးပေါက်တာ။ ပြီးခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတက်ပြီး ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ မေးခွန်းမေးတဲ့ Myanmar Nation Post က သတင်းထောက်ရဲလင်းထွန်းအိမ်မှာပေါက်တာပါ” လို့ ပြောပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မင်္ဂလာသီရိလမ်းသွယ်၊ စိုးနန္ဒာကန် အနောက်ဘက်မှာရှိတဲ့ Myanmar Nation Post သတင်းထောက်ရဲ့ နေအိမ်ဗုံးပေါက်ကွဲပေမဲ့ သတင်းထောက် ရဲလင်းထွန်းကတော့ နေအိမ်မှာရှိမနေပါဘူး။ […]

Most Read

2024-09-19 04:26:40