Breaking News >> News >> Democratic Voice of Burma


မဲဆောက် ထိုင်းလုံခြုံရေးဂိတ်တွင် စစ်ဆေးမခံဘဲ မောင်းပြေးသည့် လူကုန်ကူးကားကို ပစ်ခတ်ဖမ်းဆီး


Link [2022-06-11 14:55:46]



မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်လမ်းမကြီးပေါ်ရှိ ထိုင်းလုံခြုံရေးဂိတ်မှာ  ဇွန် ၁၀ ရက်ည ၁၀ နာရီလောက်က တရားမဝင် မြန်မာအလုပ်သမားတွေကို တင်ဆောင်မောင်းနှင်လာတဲ့ ကားတစီး စစ်ဆေးမှုမခံယူဘဲ မောင်းပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးရကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကိုသွားမယ့် တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမားကို သယ်ဆောင်မောင်းပြေးတဲ့ကားကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ပြီးလိုက်လံဖမ်းဆီးရာမှာ  မိနစ် ၂၀  လောက်အကြာမှာ လူကုန်ကူးကားကို ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ တရားမဝင်မြန်မာအလုပ်သမား ၉ ယောက်ကတော့ ဖမ်းဆီးခံရပြီး  ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးပြီး  တရားဥပဒေအတိုင်းအရေးယူသွားဖို့ ရှိနေပါတယ်။ လူမှောင်ခိုတင်ဆောင်လာတဲ့ မော်တော်ကားကိုတော့ လိုင်စင်စစ်ဆေးပြီး ကားပိုင်ရှင်ကို ခေါ်ယူ စစ်ဆေးသွားကာ  တရားဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

Most Read

2024-09-19 04:05:04