Breaking News >> News >> Democratic Voice of Burma


ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ


Link [2022-06-11 14:55:46]



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ နယ်မြေရဲစခန်းကို ဇွန်  ၁၀ ရက် ည ၉ နာရီလောက်မှာ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အား KRF ကပြောပါတယ်။ အဲဒီကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊လက်နယ်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက် အပြန်အလှန် မိနစ် ၂၀ နီးပါးအကြာ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သလို ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်ဂိတ်မှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။ ရဲစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့တဲ့ မြေပြင် အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု […]

Most Read

2024-09-19 04:03:50