Breaking News >> News >> Democratic Voice of Burma


ကောလင်းမြို့ပေါ်က စတိုးဆိုင်ပိုင်ရှင်နှင့် စားသောက်ဆိုင်ပိုင်ရှင်အပါအဝင် ၅ ဦး ဖမ်းဆီးခံရ


Link [2022-06-05 20:27:27]



စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စတိုးဆိုင်ပိုင်ရှင်နဲ့ စားသောက်ပိုင်ရှင် အပါအဝင် အရပ်သား ၅  ယောက်ကို  စစ်ကောင်စီက  ဇွန် ၄ ရက် နေ့ခင်းပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့ခံတဦးက “ဖမ်းတာကတော့ စတိုးဆိုင်ပိုင်ရှင် ဦးအောင်သူရရယ်၊ ကောင်းကောင်းရယ် ၊ ဒေါ်ကြည်ကြည်ခိုင်ရယ်၊ စားသောက်ဆိုင်လုပ်ငန်းရှင် ဦးအောင်ကျော်ဦး ခေါ် ဦးကျော်ဦးရယ် ကျန်တယောက်ကတော့ ဘယ်သူဆိုတာတော့ အတိကျမပြောနိုင်ဘူးဗျ။ ဖမ်းတာကတော့ ငါးဦးဖမ်းတာသေချာတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ သူတို့ငွေလိုလို့‌ ဖမ်းတာလို့ပဲ ပြောရမယ်။ အခုသူတို့ ဖမ်းတဲ့သူတွေက ဘာမှလုပ်တာမှ မဟုတ်တာအသိသာကြီးပဲ” လို့ ပြောပါတယ်။ အခုဖမ်းဆီးထားသူ ၅ ယောက်ကို ဘယ်မှာ ဖမ်းဆီးထားတယ် ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။  စစ်ကောင်စီတပ်ကတော့ ကောလင်းမြို့မှာသာမက စစ်ကိုင်းတိုင်း၊ မုံရွာမြို့တော်ဝင်ကျောက်စိမ်း ဟိုတယ်ပိုင်ရှင် […]

Most Read

2024-09-19 04:19:37