Breaking News >> News >> Democratic Voice of Burma


ဝါးခယ်မမြို့နယ်တရားရုံး ဗုံးကွဲပြီးနောက် ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးခံရ


Link [2022-06-05 17:23:44]



ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် တရားရုံးဝင်းအတွင်း ဗုံးပေါက်ကွဲခဲ့ပြီးနောက် CCTV ထဲပါသူနဲ့ မသင်္ကာသူ ဒေသခံ  ၂၅ ယောက် ထက်မနည်းကို  စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝါးခယ်မမြို့နယ်တရားရုံးဝင်းအတွင်း ရှေ့နေများ နားနေဆောင်မှာ မေ ၃၀ ရက်  မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒေသခံအမျိုးသားတဦးက “တရားရုံးမှာ တပ်ထားတဲ့ CCTV ကနေ ကြည့်ပြီး လိုက်ဖမ်းနေတာ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၂၀ လောက် အဖမ်းခံထားရတယ်။ ဗုံးပေါက်ကွဲတဲ့ နေ့ကတည်းက လိုက်ဖမ်းနေတာပဲ။ မသင်္ကာသူတွေလည်း ဖမ်းနေတာပဲ”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေး နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူ အမျိုးသမီးတယောက်ရဲ့ မိသားစုဝင်က “ကျနော် အမက […]

Most Read

2024-09-19 04:23:38