Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်မြို့တွင် စစ်ကောင်စီဖွင့်လှစ်သည့် စာသင်ကျောင်း ဖွင့်ပွဲအပြီး စာသင်ကြားမှုမရှိ


Link [2022-06-05 17:23:44]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာ စစ်ကောင်စီကဖွင့်လှစ်တဲ့ အခြေခံပညာစာသင်ကျောင်းဟာ ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့ပေမယ့် ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသား မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်ခရိုင် ရဲစခန်းအနီးမှာရှိတဲ့ အမှတ်-၂ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ ဇွန် ၂ ရက်က ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းမှာ စာသင်ကြားမယ့် ကျောင်းအပ်လက်ခံစာရင်းမှာ အထက်တန်းအဆင့်ကနေ မူလတန်းအဆင့်ထိ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၄၀ ဝန်းကျင်ရှိခဲ့တဲ့အထဲ စစ်ကောင်စီ လက်အောက်ခံ  ဝန်ထမ်းသားသမီးတွေသာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းဖွင့်ပွဲပြီးတဲ့နောက်တနေ့ ဇွန် ၃ ရက်မှာတော့ စာသင်ကြားပေးဖို့ Non CDM ဆရာဆရာမတွေကို စာထုတ်ပြီး ဆင့်ခေါ်ထားခဲ့ပေမဲ့ သုံး၊ လေးယောက်လောက်သာ လာခဲ့ပြီး လာရောက်တဲ့ဆရာဆရာမတွေကလည်း စာသင်ကြားခြင်းမရှိဘဲ ပြန်သွားကြတယ်လို့  ဒေသခံတဦးက ပြောပါတယ်။  ကျောင်းဖွင့်ပွဲပြုလုပ်ခဲ့တဲ့ ဇွန် ၂ ရက်ကလည်း  […]

Most Read

2024-09-19 03:58:11