Breaking News >> News >> Democratic Voice of Burma


သာယာ၀တီထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ လူ့ခွင့်အရေးချိုးဖောက်ခံနေရ


Link [2022-06-05 15:21:44]



သာယာ၀တီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ခြိမ်းခြောက်တာ၊ ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်ခိုင်းစေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်နေတဲ့အကြောင်း ဒီဗွီဘီကရရှိထားတဲ့ အကျဉ်းသားတွေဆီက စာအရ သိရပါတယ်။  သာယာဝတီထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့  စာတစောင် ဒီဗွီဘီသတင်းဌာနကို ရောက်ရှိလာတာဖြစ်ပြီး စာထဲမှာတော့ ထောင်တွင်းခြင်တွေကိုက်တာကြောင့်အိပ်မရကြောင်း နိုင်ငံရေးအကျဉ်းသားတွေက ထောင်ဦးစီးအရာရှိ ဦးရဲဝင်းဆီ တင်ပြကြရာ၊ ထောင်အရာရှိက မင်းတို့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်လက်စွဲ ဥပဒေ ၃၁၇ အရ သတ်ပြစ်လို့ရတယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆိုတာ (-) ဂရုစိုက်စရာမလိုဘူးလို့ တန်းစီးတွေဖြစ်တဲ့ ပြူးကြီး(ခ)မ မင်းနိုင်ဦး(မန္တလေးထောင်ပြောင်း)နဲ့ တန်းစီးထွန်းနိုင်တို့ကပါ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ဒီနောက် နိုင်ငံရေးအကျဉ်းသားတွေကို နေရောညပါ ပုံစံမောင်းတာ၊ ရိုက်နှက်နှိပ်စက်တာ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း စာအရသိရပါတယ်။ အခုစာနဲ့ပတ်သတ်ပြီး မကြာသေးခင်ကမှ သာယာ၀တီထောင်မှ ပြန်လွတ်လာသူတဦးက ”ညဘက်ကိုခြင်က အရမ်းကိုက်တာ။ […]

Most Read

2024-09-19 04:08:57