Breaking News >> News >> Democratic Voice of Burma


ပေါက်မြို့နယ်တွင် ပျူစောထီးကားနှင့် ဆိုင်ကယ်များ မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-06-05 15:21:44]



မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဇွန်လ ၄ ရက်က စစ်ကောင်စီရဲ့ လက်ပါးစေပျူစောထီး ကားတစီးနဲ့ ဆိုင်ကယ် ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ SPGF ကနေသိရပါတယ်။ ပေါက်-သီးခြောက်လမ်းပိုင်းရှိ ရွာသာအေးရွာနဲ့ သီးခြောက်ရွာအကြားမှာ SPGFတပ်ခွဲ(၁) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ SPGF တပ်ခွဲ(၁)ရဲ့ တပ်ခွဲမှူး ဗိုလ်ပေသီးကပြောပါတယ်။ “မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ကားတစ်စီးလဲသွားပြီး ဆိုင်ကယ် ၃ စီးမြောက်တက်သွားတာ မြင်လိုက်ရတယ်။ အဲဒီနောက် ကျနော်တို့ရဲဘော်တွေအထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်။ သတင်းစုံစမ်းလိုက်တော့ သစ်ချိုကုန်းရွာက ပျူစောထီးတယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ရှစ်ယောက်ဒဏ်ရာရှိသွားတယ်”လို့ပြောပါတယ်။ ပျူစောထီးအဖွဲ့တွေဟာ ဝန်ခြုံးရွာကို ခြေကုပ်ယူပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေနဲ့ ပူးပေါင်းကာ  ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ၊ စစ်ဘေးရှောင်စခန်းတွေကို […]

Most Read

2024-09-19 04:19:04