Breaking News >> News >> Democratic Voice of Burma


ရသေ့တောင်မြို့နယ် အောင်ဗလရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေး


Link [2022-06-05 15:21:44]



ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလကျေးရွာရှိ နေအိမ်တွေကို  ဇွန် ၄ ရက်ည ၇ နာရီကျော်လောက်က ဒုံးပိုင်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့လို့ တိုက်ပွဲဖြစ်လာမှာကို  စိုးရိမ်နေကြတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ဒုံးပိုက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်အင်အား ၅၀  လောက်က မနေ့ညက အောင်ဗလကျေးရွာရှိ နေအိမ် ၄ အိမ်ကို ဝင်ရောက်စစ်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးတာတော့ မရှိဘူးလို့ ရွာသားတယောက်က ပြေပါတယ်။  အောင်ဗလကျေးရွာသားတဦးက “ဘယ်လိုသတင်းတွေရလို့ လာရောက်စစ်ဆေးတာတော့မသိဘူး။ သူတို့ စစ်ချင်တဲ့ နေအိမ် ၄ အိမ်ကို ဝင်ရောက်စစ်ဆေးသွားတာ။ ဖမ်းဆီးသွားတာတော့မရှိဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေက မိသားစုဝင်အရေအတွက်၊ သက်မွေးဝမ်းကျောင်းအလုပ်နဲ့ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ “ဒီလိုသာဆက်လက်ပြီးကျေးရွာတွေကို ဝင်ရောက်စစ်ဆေးနေရင် အေအေနဲ့ နှစ်ဘက် ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတာ။”လို့ ရွာခံသားတယောက်က ပြောပါတယ်။ […]

Most Read

2024-09-19 03:22:10