Breaking News >> News >> Democratic Voice of Burma


လှိုင်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ


Link [2022-06-05 15:21:44]



ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ  ဇွန်လ ၅ ရက် မနက်အစောပိုင်းက  အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဖိုးကျော်ဟာ  ဒီမနက် ၆ နာရီလောက် လက်ဖက်ရည်သောက်ဖို့ သွားချိန်မှာ အောင်မေတ္တာ ၅ လမ်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ လှိုင်မြို့နယ် အမှတ် ၁ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက “အရင်အုပ်ချုပ်ရေးမှူးက မလုပ်တော့တာနဲ့ ကိုဖိုးကျော်ကို စစ်တပ်က ယာယီအုပ်ချုပ်ရေးမှူးခန့်ထားတာ။ မနက် ၆နာရီလောက်  အောင်မေတ္တာ ၅ လမ်းထဲမှာ လမ်းလျှောက်နေတုန်း  သေနတ်နဲ့ ၄ ချက်လောက်ရှိတယ် ပစ်သွားတာ အဲ့နေရာမှာပဲ သေသွားတယ်”လို့ ပြောပါတယ်။ တခြားဒေသခံတဦးကလည်း   “မနက်အစောပိုင်းဆိုတော့ မသိလိုက်ဘူး။ သေသွားတာတော့ ဟုတ်တယ်။ […]

Most Read

2024-09-19 04:06:58