Breaking News >> News >> Democratic Voice of Burma


ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းမှ ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထား


Link [2022-06-05 15:21:44]



ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကနေ ၉ ရက်အတွင်း ကျပ်သိန်း ၁၈၀၀ ကျော်ရရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၅ လကြာ ရှိပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ကရင်နီဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်စီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်စီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကရင်နီဒေသအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်းကို ပြီးခဲ့တဲ့ မေ ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇွန် ၁၅ ရက်အထိ ၂၁ […]

Most Read

2024-09-19 03:54:20