Breaking News >> News >> Democratic Voice of Burma


ကနီမြို့နယ်၌ ရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် အလောင်းပစ်ထား


Link [2022-06-04 21:50:11]



စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တဇယ်ချောင် ကျေးရွာသား ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဒီနေ့ ဇွန် ၄ ရက်မှာတော့  ငါးဖျက်ကျေးရွာအနီး နတ်စင်ကုန်းအနီးမှာ  ရွာသားတွေရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်က မေလ ၃၁ ရက်မှာ  မင်းကုန်းရွာသား ၃ ယောက်နဲ့ တဇယ်ချောင်ရွာသား ၄ ယောက် စုစုပေါင်း ၇ ယောက်ကို ဖမ်းဆီးသွားပြီး မင်းကုန်းရွာသား  ၃ ယောက်ကိုတော့  ပြန်လွှတ်ပေးခဲ့ကာ  ကျန် ၄ ယောက်ကို သတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။   အလောင်းတွေကို ပြန်တွေ့ခဲ့တဲ့ မျက်မြင် ရွာသားတယောက်က “ဘာကြောင့်အခုလို သတ်တယ်ဆိုတာကတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ နှစ်ယောက်က စောင်ထဲ ထည့်ထုပ်ပြီး အလောင်းပစ်ထားခဲ့တယ်။ ကျန်တဲ့သူနှစ်ယောက်ကတော့ လက်ပြန်ကြိုးတုပ်ပြီး သတ်ထားခဲ့ကြတယ်”လို့ […]

Most Read

2024-09-19 03:18:35