Breaking News >> News >> Democratic Voice of Burma


မိုင်းလားအဖွဲ့က စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ နိုင်ငံတော်မှ ခွဲမထွက်ဘဲ တို့တာဝန်အရေး ၃ ပါး လိုက်နာနေဟု ပြော


Link [2022-06-04 21:50:11]



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)  ဒု ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့ဟာ  ဇွန် ၄ ရက် ဒီနေ့မနက် နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာနေကြောင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်း ထုတ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)မှ ဒုဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ တွေ့ဆုံရာမှာ လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်နေချိန် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ ရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်ရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို […]

Most Read

2024-09-19 19:07:14