Breaking News >> News >> Democratic Voice of Burma


မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-06-04 21:50:11]



စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့  အလ္လကပရွာကြားမှာ ဇွန် ၃ ရက် မွန်းတည့်  ၁၂ နာရီလောက်က စစ်ကောင်စီတပ်ယာဉ်တန်း  မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်ကားတွေဟာ စစ်ကိုင်း ဘက်ကနေ မုံရွာဘက်ကို မောင်းလာတာဖြစ်ပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တပ်ခွဲ DK PDF(MMU) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ PAFDတပ် တာဝန်ရှိသူတဦးက “ကား ၆ စီး လာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စုံစမ်းရရှိတဲ့ သတင်းတွေအရတော့ ၁၀ ယောက်လောက်သေဆုံးပြီး အများအပြားဒဏ်ရာရတာရှိတယ်။”လို့ ပြောပါတယ်။ ဒီလို မိုင်းဆွဲတိုက်ခိုက်ပေမဲ့  အပြန်အလှန်ပစ်ခတ်တာမရှိခဲ့ပဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဘေးအန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Most Read

2024-09-19 19:04:57