Breaking News >> News >> Democratic Voice of Burma


မဲဆောက်တွင် မြန်မာအမျိုးသမီး ၂ ဦးကို စိတ်ကြွမူးယစ်ဆေးအချို့နှင့်အတူ ဖမ်းမိ


Link [2022-06-04 21:50:11]



ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာအမျိုးသမီး ၂ ယောက်ထံက စိတ်ကြွမူးယစ်ဆေး ၉၈ လုံးကို ဇွန်လ ၄ ရက်က မဲဆောက်မြို့ မယ်တောင်တိုက်နယ်ရှိ အိမ်တအိမ်မှာ  ဖမ်းဆီးရမိကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေနေထိုင်တဲ့ အိမ်နံပတ်မရှိတဲ့  မဲဆောက်မြို့က အိမ်တလုံးကို  ထိုင်းမူးယစ်နိုမ်နင်းစစ်ဆေးရေးအဖွဲ့က  ဝင်ရောက်ဖမ်းဆီးရာမှာ အသက် ၂၂ နှစ် နဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး ၂ ဦးကိုတွေ့ရှိခဲ့သလို အခန်းထဲကနေ စိတ်ကြွဆေး (မြင်းဆေး) ၉၈ လုံးတွေ့ရှိလို့  ဖမ်းဆီးလိုက်တာပါ။  ဖမ်းမိတဲ့ အမျိုးသမီး ၂ ယောက်ကို  မူးယစ်ဆေးဝါးအမှုနဲ့ရော တရားမဝင်နေထိုင်မှုနဲ့ပါ အမှုနှစ်ခုစလုံးနဲ့ ထိုင်းရဲတပ်ဖွဲ့က ထိုင်းဥပဒေအတိုင်းအရေးယူသွားမှာဖြစ်တယ်လို့ မဲဆောက်ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

Most Read

2024-09-19 19:00:48