Breaking News >> News >> Democratic Voice of Burma


တာချီလိတ် ဗုံးကွဲမှုနှင့်ဆက်နွှယ်ပြီး ‘ဝ’ တိုင်းရင်းသား လူငယ် ၁ ဦးကို သေဒဏ်ပေး


Link [2022-06-04 15:41:50]



ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ထောက်ခံပွဲအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တာချီလိတ်မှာ အလုပ် လာလုပ်နေတဲ့ ‘ဝ’ တိုင်းရင်းသားလူငယ် ၁ ဦးကို ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။  အဆိုပါပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရသူ ၃၄ ဦးရှိပြီး စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အနီးနားတဝိုက်မသင်္ကာသူတွေကို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၀ ကျော်ရွယ် ‘ဝ’ တိုင်းရင်းသားလူငယ်  အိုက်ဆိုင်မိုန်း အပါအဝင် သူအလုပ်လုပ်နေတဲ့အိမ်က အလုပ်သမား ၂ ယောက်နဲ့ သူ့အလုပ်ရှင်ပါ စုစုပေါင်း ၄ ဦး အဖမ်းခံရကြောင်း ၊ အိုက်ဆိုင်မိန်းကိုတော့ တာချီလိတ်ခရိုင်တရားရုံးက ဇွန် ၁ ရက်မှာ သေ ဒဏ်ချမှတ်လိုက်တာလို့ […]

Most Read

2024-09-19 19:03:51