Breaking News >> News >> Democratic Voice of Burma


နွေဦးကြို ပျံလွှားငှက်လေးတကောင်


Link [2022-06-04 15:41:50]



( က ) ဘဘ…ငါ့မြေးဆီကို စာမရေးဖြစ်တာ နည်းနည်းကြာသွားခဲ့ပြီ။ အလုပ်တွေမအားတဲ့ကြားက တခါတလေမှာ ငါ့မြေးဆီကို စာရေးအုံးမှလို့ တွေးမိတာတော့အမှန်ပဲ ငါ့မြေး။ ငါ့မြေးကတော့ ဘဘဆီကစာကို မျှော်ကောင်းမျှော်နေမလား။ ဒီတခါ ငါ့မြေးဆီကို စာရေးဖို့ စားပွဲမှာထိုင်တော့ ငါ့မြေးဆီက ရေးပို့ခဲ့ဖူးတဲ့ စာကလေးတစောင်ကို သွားတွေးမိတယ်။ အဲဒီစာထဲမှာ… “ဘဘရယ် ဖြစ်နိုင်ရင် ဝတ္ထုတိုလေးတပုဒ်၊ ကဗျာလေးတပုဒ်အကြောင်း ပြောပြစမ်းပါ”… ဆိုတဲ့ ငါ့မြေးရဲ့ လိုလိုချင်ချင် ရေးလိုက်တဲ့ စာကြောင်းလေးကို ဘဘ သွားတွေးမိလို့ပါ။ ဒါကြောင့် ဒီတခါတော့ ‘ကဗျာလေးတပုဒ်’ အကြောင်း ငါ့မြေးဆီကို ဘဘ စာရေးပြီး ပြောလိုက်ပါတယ်။ ငါ့မြေးရေ…. ကဗျာလေးအကြောင်း မပြောခင် ဒီကဗျာလေးကို ဖတ်ပြီး ဘဘတယောက်တည်း၊ ပြတင်းပေါက်မှာ သွားရပ်လိုက်၊ အိပ်ရာထဲ ဝင်လှဲလိုက်၊ လမ်းလျှောက်လိုက်နဲ့ […]

Most Read

2024-09-19 19:03:50