Breaking News >> News >> Democratic Voice of Burma


ကနီမြို့နယ်က စစ်ဘေး၊ မီးဘေးရှောင်ဒုက္ခသည်များအတွက် အရေးပေါ်ဆေးဝါး အကူအညီလိုအပ်


Link [2022-06-04 15:41:50]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက မီးဘေးသင့်ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်  အရေးပေါ်ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းတွေက ကနီမြို့နယ်ထဲအတွင်း ကျေးရွာတွေမှာရှိတဲ့   ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အခုလိုအိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေ ဖြစ်နေကြရတယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။ ကနီမြို့နယ်အတွင်း  အကူအညီပေးနေတဲ့ ပရဟိတဆရာဝန်တဦးက “ဆေးဝါးကတော့ အရေးပေါ်ကိုလိုအပ်နေတယ်ဗျ။ ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ မတရားလုပ်နေတာကို အလူးအလဲခံနေကြရတယ်။ သူတို့သွားတဲ့လမ်းကြောင်းမှာရှိတဲ့ ရွာတွေကို မီးရှို့တယ်။ လူတွေ့ရင် ဖမ်းဆီးသတ်ဖြတ်နေကြတယ်။ အခုဆိုရင် ကျနော်တို့ ကနီမြို့နယ်ထဲက ကျေးရွာ ၁၆ ရွာက ဒေသခံတွေရဲ့ အိမ်ပေါင်း ၁၀၀၀ ကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့ကြတယ်။ အဲရွာသားတွေဟာ နေအိမ်မရှိတော့ တောတောင်တွေအထဲဖြစ်သလိုနေ၊ ဖြစ်သလိုစားနေကြရတာကြောင့် ကျန်းမာရေးချို့တဲ့ သူတွေ အများအပြားဖြစ်နေကြရတယ်ဗျ။ အဲတာကြောင့်အကူညီ တွေပေးကြပါဦး” လို့ ပြောပါတယ်။ […]

Most Read

2024-09-19 18:58:19