Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ်ကို စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေး


Link [2022-06-04 15:41:50]



မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ  ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဘက်ကို စစ်ကောင်စီတပ်တွေက အင်အားသုံးပြီး စစ်ကြောင်းထိုးလာလို့ ကရင်တိုင်းရင်းသားရွာတွေက စိုးရိမ်ကြပြီး ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံရွာသားတဦးက “အခုလို စစ်တပ်က စစ်ကြောင်းထိုးပြီး သတင်းကြားတာနဲ့ ရွာက ယောကျ်ားလေးတွေက မနေရဲကြတော့ဘူး ရွာမှာ မိန်းမနဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့ကြတယ်။ စစ်တပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချမှာကို စိုးရိမ်တယ် အခုချိန်က မိုးရာသီလည်းဖြစ်တော့ ဥယျာဉ်ခြံအလုပ်တွေလည်း မလုပ်ရဲကြဘူး”လို့ ပြောပါတယ်။ PDF မြောက်ပိုင်းမှ တာဝန်ရှိသူတဦးက “စစ်တပ်က အခုဆို ရေး မြောက်ပိုင်းဘက်က ဘေးလမိုင်း အောင်သပြေရွာဘက်မှာ တပ်စွဲထားပြီး အင်အားဖြည့်ထားတယ်။ တောင်ပိုင်းကျတော့ ကလိပ်၊ တုတ်၊ မင်းလှအေး၊ လိပ်ပုတ်ဘက်ကိုတော့ […]

Most Read

2024-09-19 18:56:55